Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆင်ပေါင်ဝဲမြို့နယ်၌ ငလျင်ဘေးပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 18,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိဦးစစ်နိုင်ထွန်းနှင့်ဝန်ထမ်းများသည် မြေငလျင်ဘေးပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ကမြို့မဈေးအတွင်း အပြင်ဈေးရောင်း ဈေးဝယ်ပြုလုပ်နေသောပြည်သူများ၊ ရပ်ကွက်များသို့ လှည့်လည်၍ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
Dec 18,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆည်မုန်းကျေးရွာအုပ်စု၊ ခုံစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ကြက်ရှာကျေးရွာအုပ်စုဒေသခံပြည်သူများနှင့်တွေ့ဆုံ
Dec 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သောကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့မှ ကြက်ရှာကျေးရွာအုပ်စုဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကြက်ရှာကျေးရွာအုပ်စု၊ ဓမ္မသုခကျောင်းတိုက်၊ စိတ္တသုခဗိမာန်တော်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း တာချီလိတ်မြို့ TSDP အားကစားပွဲတော်ဖွင့်ပွဲတက်ရောက်အားပေး
Dec 18,2022
တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP)အရ လူငယ်များကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတက်ရောက်အားပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်
Dec 18,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ်မိုးစပါး စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသ
Dec 18,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့(ခွဲ)၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းကို မီးသတ် တပ်ဖွဲ့ဝင် များက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်
Dec 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးကဦးစီး၍ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇/၂၀၂၂) အစည်းအဝေး ကျင်းပ
Dec 18,2022
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်မ(၃)၌ ကျင်းပရာ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ အဆင့်မြှင့်ကုန်ချောထုတ်လုပ်မှုများကို တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14303
Page
14304
Page
14305
Page
14306
Current page
14307
Page
14308
Page
14309
Page
14310
Page
14311
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department