ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိဦးစစ်နိုင်ထွန်းနှင့်ဝန်ထမ်းများသည် မြေငလျင်ဘေးပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ကမြို့မဈေးအတွင်း အပြင်ဈေးရောင်း ဈေးဝယ်ပြုလုပ်နေသောပြည်သူများ၊ ရပ်ကွက်များသို့ လှည့်လည်၍ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ မြေငလျင်ဘေးပညာပေးလက်ကမ်းစာစောင်တွင် ငလျင်ဘေးအတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်လိုက်နာရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင်ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ပြုလုပ်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်ပြင်းအားများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာလျှင် ဆက်သွယ်ရမည့်လိပ်စာနှင့်ဖုန်းနံပါတ်များ အစရှိသည့် အကြောင်းအရာများပါဝင်သော ငလျင်ဘေးပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)