အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တနင်္သာရီတိုင်းဒေသကြီး၊ (၁၀)မြို့နယ် အခြေခံပညာ ကျောင်းသားအားက စားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကိုယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့သည်။
Dec 17,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း များ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက စစ်တွေမြို့ ရှုခင်းသာ လမ်းဆုံရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ ရပ်ကွက်နေပြည်သူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်ခဲ့သည်။
Dec 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ ဒုတိယအပတ် လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီ ခွဲ အချိန်က  မုံရွာမြို့ပြည်သူ့အားကစားကွင်း ရှေ့၌ကျင်းပပြုလုပ်ရာ စုပေါင်းလမ်းလျှောက်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာန အသီးသီးမှ အရာထမ်းအမှူထမ်းများ၊ တက္ကသိုလ်၊  ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊  တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များနှင့်  မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများစုစု ပေါင်းအင်အား ၃၅၀၀ဦး ကျော်တို့ ပါဝင်ဆင်နွှဲခဲ့ကြရာ  မုံရွာမြို့ ပြည်သူ့အားကစားကွင်း စုရပ်နေရာမှစတင်ကာ ဗိုလ်ချုပ်လမ်းတစ်လျှောက် ကန်သာယာ၊ ရာပြည့်ကပ်ကျော်စေတီတော် မုဒ်ဦးအထိ၊ ထိုမှတဖန်ပြည်သူ့အားကစားကွင်းသို့ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးနောက် ပြည်သူ့အားကစားကွင်းအတွင်း တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ် များ၏ ကိုယ်လက်လေ့ကျင့်ခန်း အတွဲ(၁)အမှတ်စဉ်(၁)၊ အမှတ်စဉ် (၂) သရုပ်ပြမှုနှင့်အတူ  သွေးပူလေ့ကျင့်ခန်း အားကစားစုပေါင်းဆောင်ရွက်ခဲ့ကြသည်။
Dec 17,2022
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့်သက်တမ်းစေ့နေနိုင်ရန်၊ အမျိုး သားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူ လူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထု အားကစားစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်(၆)နာရီ အချိန်က မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလမ်းလျှောက်ပွဲ (တတိယပတ်)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီ ကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများနှင့် အားကစားစိတ်ဝင် စားသည့် ပြည်သူများမှ ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
Dec 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဒီဂရီ ကောလိပ်ပညာရေးဘွဲ့သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို၊ ယမန်နေ့ ညနေ ၃:၀၀နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တပ်နယ်တွင် ပြုလုပ်ခဲ့သည်။
Dec 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆိုလာလျှပ်စစ်ရေတင် စီမံကိန်းစနစ် အကောင်အထည်ဖော် စိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကာ တောင်သူများ၏ လူမှုစီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။