မိုးညှင်း အောက်တိုဘာ ၆
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် မြတ်ဆရာပူဇော် ကန်တော့ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း က ကမ္ဘာ့ဆရာများနေ့ကို UNESCO မှ ၁၉၉၄ ခုနှစ်တွင် သတ်မှတ်ခဲ့တာဖြစ်၍ ဆရာ၊ ဆရာမတွေရဲ့ လူ့အဖွဲ့အစည်းတွေမှာ အကျိုးပြုခဲ့တာကို ဂုဏ်ပြုတာဖြစ်ပါကြောင်း၊ မိုးညှင်းတက္ကသိုလ်အနေနဲ့လည်း အစဉ် အလာကောင်းများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သည့် အနေဖြင့် ယခုလိုကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မိုးညှင်းတက္ကသိုလ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများမှ ဆရာကြီး၊ ဆရာမကြီးများကို ဂါဝရပြုပူဇော်ကန်တော့ကြရာ ဆရာကြီး၊ ဆရာမကြီးများက ဆုံးမဩဝါဒစကားများ ပြောကြားကြပြီး တက္ကသိုလ်ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)