ဘားအံ အောက်တိုဘာ ၆
“ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများကအစပြု” ဆောင်ပုဒ်ဖြင့် ကရင်ပြည်နယ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ဘားအံမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများက မြတ်ဆရာတေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဖတ်ကြားသည်။
ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ကရင်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးဒေါ်နန့်စယ်လီလှိုင်က ဖတ်ကြားပြီး အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက “ဆရာ့ဂုဏ်အင်” စာတမ်းကို ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ဘားအံမြို့ပေါ်ရှိ ကျောင်းအုပ်ဆရာကြီးများက ဆရာ့ဂုဏ်ရည်သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသော ဆရာ/ဆရာမများ၊ ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)