အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2022
၂၀၂၂-ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အဖြစ် တံတားဦးမြို့ရှိ အသက်(၆၅)နှစ် အငြိမ်းစားဆရာ/မများအား တံတားဦးမြို့ လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာ/မများကအိမ်အရောက် လိုက်လံပူဇော်ကန်ခြင်းကို ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ကြကြောင်း သိရသည်။
Oct 05,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့်မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့တောင်ဘီကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ယနေ့နံနက် ၁၀နာရီခွဲအချိန်က စာသင်ကျောင်းဆောင် ပေါ်သို့ တမာပင်လဲကျခဲ့ခြင်းကြောင့် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ သွားရောက် ရှင်းလင်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (JOB Fair) ကို ယနေ့နံနက် (၁၀) နာရီက မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 05,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ စန္ဒကူးပင်ပျိုးထောင်ရောင်းချသူများ ပျိုးပင်ပြတ်သည်အထိ ရောင်းချရခြင်းကြောင့် လာမည့်နှစ် ပြန်လည် ပျိုးထောင်ချိန် စန္ဒကူးပင်(မျိုး) ပျိုထောင်သူများပြားလာနိုင်ကြောင်း ကျောက်ပန်း တောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာ စန္ဒကူးမျိုးစေ့ ပျိုးထောင်ရောင်းချသူ ဦးထွန်းထွန်းက ပြောကြားသည်။
Oct 05,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြည်သူများ၏စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် ယမန်နေ့နံနက် ၇ နာရီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သရက်တပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
Oct 05,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိတောင်သူများသည် မိုးနှောင်းကာလ ပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်းနှင့် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။