Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စာဖတ်စာငှားမိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား အခမဲ့စနစ်တကျငှားရမ်းပေး
Oct 05,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး ကျန်းမာရေး စီးပွားရေးလူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့်စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး”တည်ဆောက်ရေးအတွက် ဒုတိယအကြိမ် ညှိုနှိုင်းအစည်းအဝေးနှင့်အလှူငွေများ ပေးအပ်ခြင်းအခမ်းအနားကျင်းပ
Oct 05,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ခြေရင်း၌ တည်ဆောက်လျက်ရှိသော ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး” တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ဒုတိယအကြိမ် အလှူငွေများ လှူဒါန်းနိုင်ရေး အစည်းအဝေးနှင့်အလှူငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ မော်တော်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြော
Oct 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကားကြီးဝန်း၊ မစကရုံး ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အမှတ် (၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)တို့ ပူးပေါင်း၍ မော်တော်ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း စေရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ရုံးခန်းမ၌ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Oct 05,2022
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းမတပ်သူများကို စစ်ဆေးအရေးယူ
Oct 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အောက်စီဂျင်စက်ရုံရှေ့တွင် မြို့နယ်ကိုဗစ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ မြို့နယ်အတွင်း အပြင်ထွက်သွာလာရာ၌ နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း မတပ်သူများအား စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Oct 05,2022
မိခင်နှင့်ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်ကစတင်ကာ မွေးကင်းစမှအသက်တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူးရုံးမှ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးမှ မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီက စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Oct 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၉) နာရီက စ၍ မုဆိုးကွင်းကျေးရွာ၊ မြဇေယျာ (၁)လမ်းရှိ မဟာဝိဇေယျဘုရား တွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14258
Page
14259
Page
14260
Page
14261
Current page
14262
Page
14263
Page
14264
Page
14265
Page
14266
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department