အောင်လံမြို့၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သရက်တပ်နယ်မှ ပြည်သူများအား အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

အောင်လံ အောက်တိုဘာလ ၅

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြည်သူများ၏စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် ယမန်နေ့နံနက် ၇ နာရီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သရက်တပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် ဆန်(၁)ပြည်လျှင် (၁၇၀၀)ကျပ်ဖြင့် (၉)အိတ်၊ ဆီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် (၂၂၀)ပိဿာ၊ ကြက်ဥ (၁၀)လုံးလျှင် (၁၈၀၀)ကျပ် ဖြင့်(၁၅၀၀)လုံး၊ ကြက်သွန်နီ(၁)ပိဿာလျှင် (၃၆၀၀)ကျပ်ဖြင့် (၆၀)ပိဿာ၊ အာလူး(၁)ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့် (၅၀)ပိဿာ၊  ကြက်သား(၁)ပိဿာလျှင် (၇၅၀၀)ကျပ်နှင့် ဟင်းသီးဟင်းရွက်များကိုလည်း တစ်ပတ်လျှင် နှစ်ကြိမ် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည် ဖြစ်ရာ ပြည်သူများ လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)