နတ်တလင်း အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့်မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာမများနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ဦးမှဖတ်ကြားခြင်း၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှပေးပို့သော စုပေါင်းသဝဏ်လွှာကို မြို့နယ်ပညာရေးမှူးဒေါ်အေးအေးသောင်းတို့မှ ဖတ်ကြားပေးခဲ့သည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား၊ ကျောင်းသူများဆုများချီးမြှင့်ပေးအပ်ခဲ့ကာ မြတ်ဆရာပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်လာသော အသက် ၇၀ နှစ်အထက်ဆရာကြီး၊ ဆရာမကြီးများအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)