ညောင်ဦး အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့တောင်ဘီကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ယနေ့နံနက် ၁၀နာရီခွဲအချိန်က စာသင်ကျောင်းဆောင် ပေါ်သို့ တမာပင်လဲကျခဲ့ခြင်းကြောင့် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ သွားရောက် ရှင်းလင်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
အဆိုပါ တောင်ဘီကျေးရွာ အလယ်တန်းကျောင်းဝင်းအတွင်း စာသင်ဆောင်ပေါ် သို့လဲကျနေသည့် တမာပင်အားရှင်းလင်းဖယ်ရှားရန် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၆ ဦး၊ အထောက်အကူပြုယာဉ် ၁ စီး၊ ပုဂံနယ်မြေ မီးသတ် စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ အမှတ် ၅ အရန်မီးသတ်တပ်ဖွဲ့မှ ၅ ဦးတို့ဖြင့် ကျောင်းဆောင်ပေါ်လဲကျနေသည့် တမာပင်အားရှင်း လင်းဖယ်ရှားခဲ့ကြောင်း သိရသည်။ တမာပင်လဲကျမှုကြောင့် စာသင်ကျောင်းဆောင်နှင့် ကျောင်းသားကျောင်းသူများ ထိခိုက်မှုမရှိကြောင်း၊ မိုးရွာသွန်းမှုကြောင့် မြေသားခိုင်မာမှု မရှိပဲလဲကျခြင်းဖြစ်ကာ နှစ်သက်တမ်း ၆၀ ခန့်ရှိ တမာပင်သည် ပင်စည်လုံးပတ် ၃ ပေ၊ ပတ်လည်ခန့်၊ အမြင့်ပေ ၄၀ ခန့်ရှိပြီး (၉၀X၃၀)ပေ အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်း ပေါ်သို့လဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကြေးမုံ