တံတားဦးမြို့တွင်အသက်(၆၅)နှစ်အထက် အငြိမ်းစားဆရာ/မများအား အိမ်အရောက်ပူဇော်ကန်တော့

တံတားဦး အောက်တိုဘာ ၅

၂၀၂၂-ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အဖြစ် တံတားဦးမြို့ရှိ အသက်(၆၅)နှစ် အငြိမ်းစားဆရာ/မများအား တံတားဦးမြို့ လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာ/မများကအိမ်အရောက် လိုက်လံပူဇော်ကန်ခြင်းကို ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ကြကြောင်း သိရသည်။

ထို့သို့ ကမ္ဘာ့ဆရာများနေ့ ပူဇော်ကန်တော့ရခြင်းမှာ ဆရာ/မများအပေါ် ချစ်ခင်လေးစားတန်ဖိုးထားတတ်ရေး၊ ဉာဏ်ပညာစွမ်းရည်။ နုတ်မှုစွမ်းရည်များ ရရှိစေရေး၊ မြန်မာဗုဒ္ဓဘာသာ အယူအဆအရ ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ အနောအန္တငါးပါးဦးထိပ် ထားရမည့် ဆရာ/မများကို တန်ဘိုးထား လေးစားရမည့်ဖြစ်ကြောင်း၊ ပြည်သူများအပေါ် သင်ကြားပေးခဲ့သော ဆရာမ/များဟာ စေတနာ၊ ဝါသနာ၊ အနစ်နာစသည့်နာသုံးနာကို လက်ကိုင်ထားပြီး သင်ကြားပြသပေးခြင်းအားကြောင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ အိမ်အရောက် လိုက်လံပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာ ကြီး ဦးကိုကိုမောင်၏ ပြောကြားချက်များအရသိရသည်။

တံတားဦးမြို့တွင် အသက်(၆၅)နှစ်အထက် အငြိမ်းစားဆရာ/မ(၅၉)ဦးအား မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများက မြတ်ဆရာများအား အိမ်အရောက်လိုက်လံ ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရဲတင့်(ပြန်/ဆက်)