အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က ရွာတန်းကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာ (အ.ထ.က-ခွဲ)စာသင်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Oct 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်  ” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Oct 05,2022
၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်မည့်သူများအား အောင်မြင်မှု ဆုတံဆိပ်များ ရရှိရေးအတွက် အောင်နိုင်ရေး အလံပေးအပ်ပွဲကို ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
Oct 05,2022
 ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ မြို့ကျက်သရေဆောင် သမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် (ဒုတိယအကြိမ်)အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို သာသနာ့ဟိတ ကာရီဗိမာန်တော်တွငယနေ့နံနက်၈နာရီက ကျင်းပကြောင်း သိရသည်။
Oct 05,2022
 မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အောက်လမ်းမကြီးရှိ နေအိမ်တစ်လုံး၏ ပရဆေးဆိုင်တွင် ယနေ့ နံနက် ၃ နာရီ ၄၀ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ကြောင်း သိရသည်။
Oct 05,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများက ထောက်ပံ့ငွေများကို အဘိုးအဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
Oct 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် "မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်"ဆိုသည့် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အထွက်နှုန်းကောင်းမွန်ပြီး မိသားစုစီးပွားရေးအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည့်အတွက် စိုက်ပျိုးရေးတောင်သူများအနေဖြင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းအား စိုက်ဧကပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
Oct 05,2022
အောက်တိုဘာလ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။