ဒေါ့ဖုန်းယန် အောက်တိုဘာ ၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများက ထောက်ပံ့ငွေများကို အဘိုးအဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၃ ဦးနှင့် ကျေးရွာများမှ သက်ကြီးဘိုးဘွား ၃၀ ဦး တို့အတွက် နိုင်ငံတော်မှ တစ်လလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၃၃ ဦးအတွက် တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၉၀၀၀၀ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေါ့ဖုန်းယန်(ပြန်/ဆက်)