ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၅
အောက်တိုဘာလ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ ကမ္ဘာ့ဆဆရာများနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က ဆွေးနွေးပွဲ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) ဆရာမကြီး ဒေါ်ခင်လှဝေက ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာရခြင်းနှင့် ဆရာများ၏ စေတနာ၊ မေတ္တာ၊ ဂရုဏာ၊ အနစ်နာ စသည်များအား ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်ပေးလျက်ရှိသည့် အဆိုပါ Talk Show ဆွေးနွေးပွဲ များအား မိဘပြည်သူများအနေဖြင့် လေ့လာမှတ်သားသိရှိလိုပါက အွန်လိုင်းမှတစ်ဆင့် Welove Kyarin Seikkyi Facebook Page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)