မော်လမြိုင်မြို့ ဖက်တန်းရပ် ပရဆေးဆိုင်တွင် မီးလောင်မှုဖြစ်ပွား

မော်လမြိုင် အောက်တိုဘာ ၅

 မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အောက်လမ်းမကြီးရှိ နေအိမ်တစ်လုံး၏ ပရဆေးဆိုင်တွင် ယနေ့ နံနက် ၃ နာရီ ၄၀ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပရဆေးဆိုင်အတွင်းရှိ ဓာတုပစ္စည်းများ ဓာတ်ပြုရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်ဦးစီးဌာနမှ ပြည်နယ်မှူး၊ ဒုတိယပြည်နယ်မှူးတို့ ဦးဆောင်၍ မီးသတ်ကားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု မရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်