ဝမ်းတွင်းမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ

ဝမ်းတွင်း  အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က ရွာတန်းကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာ (အ.ထ.က-ခွဲ)စာသင်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေးအတွက် စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဒေသအတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများနှင့် ရပ်ရွာအေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ဆိုင်ရာများကိုရှင် လင်းဆွေးနွေးခဲ့ပြီးဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ်ပြန်လည်ဖြေကြားဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ ဗိုလ်မှူးသက်နိုင်မှ တပ်မတော်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လက်ရှိလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ၊ ရွေးကောက်ပွဲကျင်းပရန်ဆောင်ရွက်နေမှု အခြေအနေများ၊  နယ်မြေအတွင်းဆောင်ရွက်လျက်ရှိသော တည်ငြိမ်းအေ းချမ်းရေး၊ နယ်မြေလုံခြုံ ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဦး/ရေး/ထောက် တာဝန်ခံရဲအုပ်ညွှန့်ဝင်းမှ ခိုးဆိုးလုနှိုက်နှင့် ဒုစရိုက်မှုများဖြစ်ပွားမှုမရှိစေရေး၊ ထူးခြားမှုဖြစ်စဉ်များရှိပါက ပြည်သူများအနေဖြင့် သတင်းပေးကြရန်ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍ များအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများမှ ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာ နှင်းအိအိသွယ်မှ ကိုဗစ်၁၉ရောဂါမျိုးကွဲအကြောင်းသိကောင်းစရာ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာများကိုရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပြီး အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆)လအထက်ရှိသူ ဒေသခံပြည်သူ(၅၆)ဦးအား ထပ် ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူ စုစုပေါင်း (၁၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)