မြဝတီမြို့ရှိ ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း နိုင်ရေး(ဒုတိယအကြိမ်)အလှူငွေပေးအပ်ပွဲကျင်းပ

မြဝတီ  အောက်တိုဘာ   ၅


 ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ မြို့ကျက်သရေဆောင် သမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် (ဒုတိယအကြိမ်)အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို သာသနာ့ဟိတ ကာရီဗိမာန်တော်တွငယနေ့နံနက်၈နာရီက ကျင်းပကြောင်း သိရသည်။

နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက် လက်၍ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးတင့်က လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး(ဒုတိယအကြိမ်) အလှူတော် ငွေပေးအပ်ပွဲကျင်းပရခြင်းနှင့်စပ်လျဥ်း၍သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားပြီး သံဃာတော်အရှင်သူမြတ်တို့ထံမှ သြဝါဒများ နာယူကြသည်။

ထို့​နောက် သံဃာတော်အရှင်သူမြတ်များအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင် နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများကလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကာ Ngwe Pwint LinCo.Ltdနှင့်Da Xiang Groupတို့မှ အလှူတော်ငွေ ကျပ်သိန်း(၃၀၀၀)၊ဌာနဆိုင်ရာနှင့်မြို့မိမြို့ဖစုပေါင်းဒါယိကာ/ဒါယိကာမတို့၏လှူဒါန်းငွေစုစုပေါင်းငွေကျပ်သိန်း(၃၀၂၃)တို့၏ ပေးအပ်လှူဒါန်းမှုတို့အတွက် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ အသီးသီးပြန်လည်ပေးအပ်ပေးသည်။

ယင်းနောက် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းနိုင်ရေး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)