အိမ်မဲ အောက်တိုဘာ ၅
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်အခမ်းအနား ကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ပညာ့ဗိမာန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး ကိုယ်စား ဒုတိယမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးအောင်မင်း က ကမ္ဘာ့ဆရာများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီး (၂၆) ဦးအား ကန်တော့ လက်ဆောင်များ ပေးအပ်ခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများအား ရှိခိုးပန်ထွာ ကန်တော့လွှာဖြင့် ပူဇော်ကန်တော့ကြသည်။ ထို့နောက် အပူဇော်ခံဆရာကြီး၊ ဆရာမကြီးထဲမှ မြို့နယ်ပညာရေးမှူး (ငြိမ်း) ဆရာကြီး ဦးမြသန်းက ဆုံးမစကားပြောကြားပေးပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ ကိုယ်စားဆရာ၊ ဆရာမများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
ယမန်နှစ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆရာကြီးဆရာမကြီးများအား ပူဇော်ကန်တော ့ရန် (၈၅)ဦး ရှိပြီး ယခုနှစ်တွင် (၉၅)ဦးရှိကာ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သော ဆရာကြီး၊ ဆရာမကြီးများ ကို အခမ်းအနားပြီးပါက ပညာရေးရုံးအဖွဲ့မှ ဦးဆောင်ပြီး အိမ်တိုင်ရာရောက် သွားရောက်ပူဇော်ကန်တော့ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ်အတွင်း ကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ စုစုပေါင်း ၇၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)