ကျောက်တလုံးကြီးမြို့ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က ကလေးငယ်များ ဥာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ တီထွင်ဖန်တီးနိုင် စွမ်းမြင့်မားလာစေရန်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် စကားပုံဆက်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အ.ထ.က ကျောက်တလုံးကြီး မှ အလယ်အတန်း အဆင့် ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြန်ကြးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ မြို့ဦးစီးမှူးက ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)