ဒလမြို့နယ်တွင် ကလေးများအား ဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေးထိုးနှံခြင်း၊ ဗီတာမင်အေ တိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

ဒလ အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အသက် ၉ လမှ အသက် ၁၅ နှစ်အောက်ကလေးများအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက် ၆ လမှ ၅နှစ်အထိ ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်း၊ အသက် ၂ နှစ်မှ ၅ နှစ်အထိ ကလေးများအား သံချဆေး တိုက်ကျွေးခြင်းကို ယမန့်နေ့က ရပ်ကွက်၊ ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများတွင်  မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးများအား  နှာစည်း Mask များတပ်ဆင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်ဟု သိရသည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံပေးများကို ဒလမြို့နယ်အတွင်းရှိ အသက် ၆ လ ၊ ၉ လ၊ ၂ နှစ် ၅ နှစ်၊   ၁၅ နှစ်အောက် ကလေးများအား ကျန်းမာရေးဝန်ထမ်း များက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများသို့ အောက်တိုဘာလမှစ၍     ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

သီတာဝင်း (ပြန်ဆက်)