ကျောက်တန်း အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်း ကျင်းပ

ကျောက်တန်း အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉  နာရီက အဆိုပါကျောင်း၏ မှော်ဝင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အသက် ၇၀ နှစ်နှင့်အထက်ရှိသော သက်ကြီးဆရာ၊ ဆရာမကြီးများအား ဂါရဝပြုပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးဦးဆောင်၍ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ကန်တော့ခံဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ငွေနှင့် ပစ္စည်းများလှူဒါန်းပေးအပ်ရာတွင် ပူဇော်ခံ သက်ကြီးဆရာ၊ ဆရာမကြီးများ၏ကိုယ်စား ဆရာကြီးတစ်ဦးက ဆုတောင်းမေတ္တာများ ပြန်လည်ပို့သသည်။  

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ရက်နေ့သည်  ကမ္ဘာ့ဆရာများနေ့ဖြစ်ပြီ ၁၉၉၄ ခုနှစ်မှစ၍ ကျင်းပလျက်ရှိရာ (၂၈)ကြိမ်မြောက် တိုင်ခဲ့လေသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ “ပညာရေးပြုပြင်ပြောင်းလဲမှုအရာများနှင့်အစပြု” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ဆရာများနေ့ ကျင်းပသည့်အခါသမယတွင် သီတင်းကျွတ်ချိန်နှင့် တိုက်ဆိုင်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ အန္တဂိုဏ်းဝင် ဆရာများအပေါ် ရိုသေဂါရဝပြု ပူဇော်ကန်တော့လျက် ရှိကြသည်။           

အဆိုပါ ဆရာ၊ ဆရာမကြီးများသည် ကျောက်တန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူခဲ့ကြသော ကန်တော့ခံသက်ကြီးဆရာဆရာမကြီးများ စုစုပေါင်း ၈၈ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၀)တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ် ပြန်ဆက်