ရေစကြိုမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ရေစကြို အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk  Show ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးမျိုးမြင့်အောင်၊ ရေစကြိုမြို့နယ် ပညာရေးဌာန အငြိမ်းစား ဆရာတစ်ဦးနှင့် စာပေဝါသနာရှင် တစ်ဦးတို့ဖြင့် အသိပညာပေး ဆွေးနွေးကြရာတွင် ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာ့ဆရာများ၏ နောက်ခံသမိုင်းအကျဉ်း၊ ကမ္ဘာ့ဆရာများနေ့ဂုဏ်ပြုဆောင်ပုဒ်များနှင့် အနှစ်သာရများ၊ ဆရာ၊ ဆရာမများ၏စံနှုန်းနှင့် ကမ္ဘာ့ဆရာများရဲ့ဂုဏ်များကို ဖော်ကျူးကြပြီး အနာဂတ်ကိုဖန်တီးမည့် ဆရာများ၏ကဏ္ဍ သဘောထားအမြင်များတို့ကို ဆွေးနွေးပြောကြားကြကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)