အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ လူစည်ကားရာနေရာများ၊ ယာဉ်သွားယာဉ်လာများပြားသည့်လမ်းဆုံများတွင်  ဆောင်ရွက်ပေး လျက်ရှိသည်။
Oct 06,2022
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁)က ကြီးကြပ်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့နေ့ လည်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊ ‌မုပွန်ရပ်ကွက်သို့ ကွင်းဆင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Oct 06,2022
ကချင်ပြည်နယ်၊ပန်ဝါမြို့တွင် ယာဉ်များစနစ်တကျမောင်းနှင်စေရေးအတွက် ယမန်နေ့နံနက် ၈ နာရီခွဲတွင် ပန်ဝါမြို့လမ်းဆုံ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။
Oct 06,2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ကျောက်မော်ရပ် အာဇာနည်လမ်းတွင် ဌာနဆိုင်ရာများ စုပေါင်း၍ ခရီးသွားလာအများပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 06,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန်  ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့် သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့်အသိပညာပေးခြင်းကို အောက်တိုဘာ ၅ ရက်နေ့ နံနက်  ၈ နာရီက တနိုင်းမြို့ လီဒိုလမ်းမကြီးပေါ်ရှိ တနိုင်းတံတား၌  ဆောင်ရွက်ခဲ့သည်။
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပန်းလှိုင်မြစ်ကူး စံကင်းကျွန်း တံတား တစ်စင်း တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Oct 06,2022
မန္တလေးတိုင်းဒေသကြီး၊ချမ်း မြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းအတွင်းရှိ၊ Multipur pose studium (မိုးလုံလေလုံအားကစားရုံအတွင်း)၌ မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ဖွင့်ပွဲအခမ်း အနားကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။