ပန်ဝါမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းဆောင်ရွက်

ပန်ဝါ အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ပန်ဝါမြို့တွင် ယာဉ်များစနစ်တကျမောင်းနှင်စေရေးအတွက် ယမန်နေ့နံနက် ၈ နာရီခွဲတွင် ပန်ဝါမြို့လမ်းဆုံ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးခြင်းလုပ်ငန်းကို ပန်ဝါမြို့ အထွေထွေအုပ်ချုပ်ရေးမှူးဦးညီညီထွန်းနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြို့တွင်း၌ ယာဉ်များစနစ်တကျမောင်းနှင်ရန်၊ ဆိုင်ကယ်စီးလျှင်ဦးထုပ် ဆောင်းရန်၊ နှစ်ဦးထက်ပိုမစီးရန် အသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

ပန်ဝါ(ပြန်/ဆက်)