မော်လမြိုင် အောက်တိုဘာ ၆
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁)က ကြီးကြပ်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့နေ့ လည်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်ကွက်သို့ ကွင်းဆင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) က နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ထွေအုပ်၊ ရဲ၊ လဝက၊စိုက်ပျိုးရေး၊ ပြန်/ ဆက်၊ မြေစာရင်း၊ ဆည်မြောင်း၊ မွေးကု၊ ပညာရေး၊ ကျန်းမာရေး၊ မီးသတ်၊ စီမံကိန်း၊ ကျေးလက်လမ်း၊ ကျေး/ ဖွံ့၊ လျှပ်စစ်၊ တို့ပါဝင်သော ဌာနဆိုင်ရာများဖြင့် ကွင်းဆင်း၍ ကိုဗစ်ကာကွယ် ဆေးထိုးနှံခြင်း၊ ဆေးကုသပေးခြင်း၊ မွေးတိုးကိစ္စရပ်များနှင့် မှတ်ပုံတင်ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ တိရိစ္ဆာန်များ ဆေးကုသခြင်းနှင့် ကာကွယ်ဆေး ထိုးခြင်း၊ စိုက်ပျိုးရေးအတွက် အထွက်တိုးရေးပညာပေးခြင်း၊ မီးဘေးနှင့်လျှပ်စစ်ဘေးအန္တာရယ်ကင်းဝေးရေး အသိပညာပေးခြင်း၊ သက်ဆိုင်ရာဌာန/ သက်ဆိုင်ရာ စစ်ကြောင်းအလိုက် ပြည်သူတို့၏ တင်ပြချက်လိုအပ်ချက်များအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်းကို သက်ဆိုင်ရာဌာနများက ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမှုများကို တက်ရောက်လာသည့် ရပ်ကွက်နေ ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်