ဒေးဒရဲမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဒေးဒရဲ  အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ လူစည်ကားရာနေရာများ၊ ယာဉ်သွားယာဉ်လာများပြားသည့်လမ်းဆုံများတွင်  ဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မော်တော်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ရှိသူများက မော်တော်ဆိုင်ကယ်စီးနှင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်၍ မောင်းနှင်ရန်၊ လူနှစ်ဦးထက်ပို၍ မောင်းနှင်ခြင်း မပြုရန်၊ မော်တော်ယာဥ်များသတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရန်နှင့် အချက်ပြမီးအား ကောင်းမွန်စေရန်စသည့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး လိုက်နာရမည့် အချက်များ  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း