ထားဝယ် အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ကျောက်မော်ရပ် အာဇာနည်လမ်းတွင် ဌာနဆိုင်ရာများ စုပေါင်း၍ ခရီးသွားလာအများပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထက်နောင်ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့ကလူတိုင်းကို နှာခေါင်းစည်း Mask တပ်စေလိုသောအားဖြင့် ခရီးသွားလာ အများပြည်သူများအား နှာခေါင်းစည်း Mask နှင့်ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်စေရန် ဆောင်ရန်/ရှောင်ရန်အချက်များပါရှိသည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)