နမ့်ဆန်၌ မဟာမုနိဘုရားကြီး၏ (၁၀၀)ပြည့်မြောက် ဆွမ်းတော်ကြီးနှင့် မြသပိတ်လှည့်လှယ်ပူဇော်ပွဲ ကျင်းပ

နမ့်ဆန် အောက်တိုဘာ ၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မဟာမုနိဘုရားကြီး၏ (၁၀၀) ဆွမ်းတော်ကြီးနှင့်မြသပိတ်လှည့်လှယ်ပူဇော်ပွဲကို ယနေ့နံနက်က မြို့နယ်အတွင်း လှည့်လှယ်ပူဇော်ကျင်းပသည်။

မဟာမုနိ ဆွမ်းတော်ကြီးနှင့်မြသပိတ် လှည့်လှယ်ပွဲတွင် ဂေါပဂအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ဓမ္မစကြာရွတ်အသင်းများနှင့် တအောင်းရိုးရာ ယဉ်ကျေးမှုအဖွဲ့များတို့က လိုက်ပါပူဇော်ပြီး ဓမ္မစကြာရွတ်အသင်းများက ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ကာသီတင်းကျွတ်လဆန်း(၁၄)ရက်နေ့ မဟာမုနိကုန်းတော်ပေါ်၌ ကျင်းပမည့် ဝါကျွတ်ပွဲတော်အတွက် ဆွမ်း၊ ဆန်စိမ်း၊ ဝတ္ထုပစ္စည်းများ၊ အလှူငွေများကို လှည့်လှယ်အလှူခံလျက်ရှိရာ အလှူရှင်များက သဒ္ဒါတရားထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)