ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ်   အောက်တိုဘာ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံ တားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်၊ စံပယ်လမ်း အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းကို ဇူလိုင်လပထမပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့မြို့အင်္ဂါရပ်နှင့်အညီလှပဖွံ့ဖြိုးတိုးတက်ရေးအတွက်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၉၈၂၀၀၀၀ဖြင့် အရှည် ၄၂၀ပေ၊ အကျယ်၂ပေ၊  အမြင့်၂ပေ ရှိအုတ်စီရေမြောင်းခင်း ခြင်းလုပ်ငန်းနှင့် အရှည် ၂ပေ၈လက်မ၊ အမြင့် ၁ပေ ၆လက်မ၊ ထု ၄လက်မရှိ မြောင်းအဖုံး ၂၈၀ချပ် ပြုလုပ်ခြင်း လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက်  ရေနှုတ်မြောင်းများ ယခင်ကထက် ရေစီးရေလာပိုမိုကောင်းမွန်ပြီး သန့်ရှင်းသာယာလှပသည့်အပြင် ဒေသနေပြည်သူများအတွက် ကျန်းမာရေးနှင့်လူနေမှုဘဝအဆင့်မြင့်လာကြောင်း    မြို့စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး (ပြန်/ဆက်)