ဟင်္သာတမြို့ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အခမဲ့မျက်စိစမ်းသပ်၍ မျက်မှန်များ ပြုလုပ်ပေး

ဟင်္သာတ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ကနောင်စု ရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ဟင်္သာတ ဘိုးဘွားရိပ်သာ၌ရှိသော အဘိုးအဘွားများအား အခမဲ့မျက်စိစမ်းသပ်ပေးခြင်းနှင့် မျက်မှန်များပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာသို့ ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုညွှန်မှူး ဦးဒိုင်ဒိုဒါးလ်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်စွာထွန်း နှင့် အဖွဲ့ဝင်များ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွှေမျက်မှန် ပရဟိတမှ ဥက္ကဋ္ဌ ဦးကောင်းစံနှင့် အဖွဲ့မှ ဟင်္သာတ ဘိုးဘွားရိပ်သာရှိ အဖိုး၊ အဖွား(၃၄)ဦးတို့အား ခေတ်မီ စက်ကိရိယာများဖြင့် မျက်စိစမ်းသပ်ပေးခြင်း၊ မျက်မှန်များ အခမဲ့ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဇော် - ဟင်္သာတ