ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စု၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းရှင်များ စုပေါင်း၍ ရပ်ကွက်နေပြည်သူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ဆန်များရောင်းချ

ဟိုင်းကြီးကျွန်း အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စုတွင် ရပ်ကွက်နေပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းရှင်များ စုပေါင်းကာ ရပ်ကွက်နေပြည်သူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ဆန်များရောင်းချခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန် က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ရောင်းချရာတွင် ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအား ဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၄၅၀)စုအား တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)