အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်‌ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးအငြိမ်းစားဝန်ထမ်းတို့ပူးပေါင်း၍ အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Oct 06,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ ၊ ၂၀၂၁-၂၀၂၂(Mini) ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက  မြို့နယ်သမဝါယမအသင်းစုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 06,2022
တောင်ကြီးမြို့၊ စွယ်တော်ရိပ်ရိုက်ကူးရေးက ရိုက်ကူးတင်ဆက်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တိုင်းရင်းသားတို့၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ မှတ်တမ်းရုပ်ရှင် ပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ကျိုင်းတုံမြို့နယ် စည်ပင်သာယာခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြည့်ရှု အားပေးသည်။
Oct 06,2022
ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများရေရှည်စားသုံးနိုင်ရန်ရည်ရွယ်ကာ
Oct 06,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဇီးကုန်း​လေးရပ်ကွက်၊ သကျမဟာမြတ်မုနိဘုရားကြီး၌ ထိုးနှံပေးလျက်ရှိသည်။
Oct 06,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စု ဇယန်းကြီးရွာမ သမာဓိလယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းလိမီတက် အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀) နာရီအချိန်က ကရုဏာလူမှု စည်းလုံးညီညွတ်ရေးအသင်း (Karuna Mission Social Soldarity (KMSS)မှ ကလေးသူငယ် ကာကွယ်‌စောင့်ရှောက်ရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် အသိပညာပေးခြင်းသင်တန်း ပြုလုပ်ခဲ့ပါသည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချီရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က လမ်းမတော် မြို့နယ် (၈)ရပ်ကွက်၊ ဗဟိုလမ်းရှိ၊ ဗဟိုအမျိုးသမီးဆေးရုံဝင်း၌ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။