ခန္တီးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ခန္တီး အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းရှိ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခန္တီးခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်လှလှမြင့်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့၍ ကန်တော့ပစ္စည်းများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ရာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား ဆရာကြီးဦးမျိုးမြင့်က ဆုတောင်းဩဝါဒစကား ပြောကြားခဲ့သည်။ အဆိုပါ ကန်တော့ပွဲသို့ အငြိမ်းစားယူပြီးသည့် အသက်(၇၀)နှစ်နှင့် အထက် သက်ကြီးဆရာ၊ ဆရာမ(၅)ဉီးအား ကန်တော့ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)