မန္တလေး အောက်တိုဘာ ၆
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်း(Book Club)တို့တွေ့ဆုံ၍ လစဉ် ဆောင်ရွက်လျက်ရှိသော စာဖတ်ဝိုင်းများ၊ စာအုပ်မိတ်ဆက်ပွဲများ၊ စာပေရေးရာနှီးနှောဖလှယ်ပွဲများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက်တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းမှ လူထုအခြေပြုဗဟိုဌာနတွင် လစဉ်ဆောင်ရွက်လျက်ရှိသော စာဖတ်ဝိုင်းများ၊ စာအုပ်မိတ်ဆက်ပွဲများ၊ စာပေရေးရာနှီးနှောဖလှယ်ပွဲများတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ဆောင်ရွက်ရန် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး၊ (Book Club)အသင်း ဥက္ကဋ္ဌ စာရေးဆရာချမ်းမြေ့အေးက အသင်းဝင်များ တိုးပွားရေးအတွက် ထည့်သွင်းဆွေးနွေးခဲ့သည်။
စာပေရေးရာလုပ်ငန်းများ ဆွေးနွေးညှိနှိုင်းပွဲသို့ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ၊ (Book Club) အသင်းအဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ(၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်အောင်(ရှမ်းလေး) (ခရိုင် ပြန်/ဆက်)