အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အလယ်ပိုင်တိုင်းစစ်ဌာနချုပ်၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စလင်းမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ဝင်ငွေနည်းပါးသော ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဆန်နှင့်အခြေခံ စားသောက်ကုန် ဟင်းသီးဟင်းရွက်နှင့် အသားများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
Oct 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထား ကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ဃန်း ကပ်လှူပူဇော်ရန် အတွက် ငြမ်းစင်ခြင်း၊ နှစ်လက်မပတ်လည်မျက်ပါးရွှေ ရာပြည့်ရွှေများ ဝယ်ယူခြင်း နှင့်ရွှေမှိုက်ထုတ်ခြင်းများ အတွက် အိတ်ပိတ်(ချိတ်ပိတ်)တင်ဒါစနစ်ဖြင့် တင်ဒါများတင်သွင်းနိုင်ကြ ကြောင်း တင်ဒါခေါ်ယူခဲ့သည်။
Oct 08,2022
ရွှေကျင်မြို့နယ်တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မြို့တွင်းသို့ဝါကျွတ်ကာလ ကုသိုလ်‌တော်အဖြစ် ရှင်ဥပဂုတ္တမထေရ် မြို့တွင်းလှည့်လည် ပူဇော်ခံပွဲကျင်းပပြုလုပ်ကြောင်း သိရသည်။
Oct 08,2022
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး (၂)ဦး အား ပီတိပညာရေး ပရဟိတမှ ငွေ(၁၅)သိန်းစီ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
Oct 07,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့်
Oct 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်လူရွယ်များ၊ စာဖတ်သည့်အလေ့အကျင့်များ တိုးပွားလာစေရန်အချိန်ကို အကျိုးရှိစွာအသုံးချ၍အသိပညာဗဟုသုတများ
Oct 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ဌာနဆိုင်ရာ ပုံမှန်အပါတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။