Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေတောင် မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်
Oct 08,2022
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ ရွှေတောင်မြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး "ရပ်ကြည့်သွား" အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်
Oct 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ပြည်သူ များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်လမ်းဖြတ်ကူးသွားလာရာတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန် ရည်ရွယ်၍ လမ်းဘေးဝဲယာနေရာများတွင် အသိပညာပေး ရပ်ကြည့်သွားဆိုင်းဘုတ် များ စိုက်ထူဆောင်ရွက်ခြင်းကို အောက်တိုဘာလ (၇)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
YANGON WATER BUS တွံတေးမြို့သို့ စတင်ပြေးဆွဲ
Oct 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော် ခြောက်ဆူကိန်းဝပ်တော်မူသော ကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၊ နှစ်ပေါင်း (၁၀၀)သက်တမ်းရှိ တွံတေးတူးမြောင်း၊ အသားလွတ်နယ်မြေဖြစ်သော ဗောင်းတော်ချုပ်စေတီ၊ လက်မှုပညာအိုးလုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများ၊ အထင်ကရနေရာများသို့ လေ့လာနိုင်ရန် အတွက် (၂)နှစ်ကျော် ရပ်နားထား
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးအဝင်ဂိတ်၌ နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းများ နှင့် စပ်လျဉ်း၍ မိဘပြည်သူများအား အသိပေးပန်ကြားချက် မြေစိုက်ပိုစတာစိုက်ထူ
Oct 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ တိုင်းဒေသကြီးအဝင် ပန်တိုင်စစ်ဆေးရေးဂိတ်၌ နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် စပ်လျဉ်း၍ မိဘပြည်သူများအား အသိပေးပန်ကြားချက် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာပေါင်း ၁၄၄ ရွာတွင် စတင်ရင်းနှီးမတည်ဆောင်ရွက…
Oct 08,2022
ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမလုပ်ငန်းများအတွက် ရန်ပုံငွေကျပ်သန်း ၇၀၀၀ ကျော်ကို ကျေးရွာပေါင်း ၁၄၄ ရွာတွင် စတင်ရင်းနှီးမတည်လွှဲအပ်ဆောင်ရွက်နိုင်ရေးနှင့် ကျန်လုပ်ငန်းများအတွက် ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်၊ မူဘောင်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားရန် လိုကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး အရှိန်အဟုတ်မပြတ်ထိုးနှံပေး
Oct 08,2022
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ဆေးကို အရှိန်အဟုန်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှ ၁ နာရီအထိ သတ်မှတ် ထားသည့် ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၌ အခြေခံအိမ်ထောင်စုများအတွက် ဇီယာရှယ်ဆန်များအား စျေးနှုန်းချိုသာစွာ ရောင်းချပေး
Oct 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ (၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံစေတနာရှင်၊ အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် စားသောက်ရေးအဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန်ဖြစ်သည့် ဇီယာရှယ်ဆန်များကို စျေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်(၇)နာရီ အချိန်က စတင်ရောင်းချပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ Mask Campaign ပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦး ရေစာရင်းပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်၍ အသိပေးနှိုးဆော်
Oct 08,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြည်သူများ သွားလာနေထိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေးနှင့် နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ အသံချဲ့စက်ဖြင့် အသိပေးနိူးဆော်ခြင်းများကို ယမန်နေ့ နံနက်(၇) နာရီက ပူတာအိုမြို့ မြို့မဈေးနှင့်နံနက်ခင်းဈေး၌ ကွင်းဆင်းဆောင်ရွက် သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14191
Page
14192
Page
14193
Page
14194
Current page
14195
Page
14196
Page
14197
Page
14198
Page
14199
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department