ရေတာရှည်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ

ရေတာရှည် အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကက္ကူကျေးရွာအုပ်စု ကက္ကူ​ကျေးရွာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်  ဒေသခံပြည်သူများ တွေ့ဆုံဆွေး​နွေးဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ကျေးရွာများအထိ လာ​ရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး တင်ပြစရာရှိသူများ၊ ဒေသလိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြ​စေနိုင်ရန်၊ ဒေသခံများ၏ စကားသံများနားထောင်ပြီး လိုအပ်သည်များ ကူညီနိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူ များ၏ လိုအပ်ချက်များအား ပွင့်လင်းစွာ ဆွေးနွေးပေး​စေလို​ကြောင်း ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေး​နွေးပြောကြားခဲ့သည်။

ထို့​နောက်  ဒေသခံပြည်သူများက မြစ်ကမ်းပါးပြိုကျမှု ကာကွယ်နိုင်ရန်အတွက် ရေထိန်း/ရေကာ ဆောင်ရွက်ရန် ကုန်ထုတ်လမ်း၊ ရွာအဝင်လမ်းများ ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုး​ရေရရှိ​ရေးစသည့် ဒေသဖွံ့ဖြိုး​ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များအား ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်​ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး ၆ လနှင့် အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)