သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား အဋ္ဌမအကြိမ် လုံးတော်ပြည့် မျက်ပါးရွှေသင်္ဃန်း ကပ်လှူရေး တင်ဒါတင်သွင်းရက် ရွှေ့ဆိုင်းကြောင်းနှင့် လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာ

ပုဇွန်တောင် အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင်  တည်ထား ကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ဃန်း ကပ်လှူပူဇော်ရန် အတွက် ငြမ်းစင်ခြင်း၊ နှစ်လက်မပတ်လည် မျက်ပါးရွှေ ရာပြည့်ရွှေများ ဝယ်ယူခြင်း နှင့်ရွှေမှိုက်ထုတ်ခြင်းများ အတွက် အိတ်ပိတ်(ချိတ်ပိတ်)တင်ဒါစနစ်ဖြင့် တင်ဒါများ တင်သွင်းနိုင်ကြကြောင်း တင်ဒါခေါ်ယူခဲ့သည်။

အဆိုပါ ရွှေဘုန်းပွင့်လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပွဲတင်ဒါများကို ၁၀-၁၀-၂၀၂၂ ရက်နေ့ နောက်ဆုံးထား တင်သွင်းရန်နှင့် တင်ဒါသွင်းသူများ စပေါ်ငွေ ၁၀ သိန်းတိတိကို ဘဏ်၌ သွင်းရန်အတွက် ရုံးပိတ်ရက်ဖြစ်နေပါ သဖြင့် တင်ဒါပိတ်ရက်ကို ၁၀-၁၀-၂၀၂၂ ရက်နေ့အစား ၁၁-၁၀-၂၀၂၂ ရက်နေ့အထိ ရွှေ့ဆိုင်းထားပါ ကြောင်းနှင့် လုံးတော်ပြည့်ရွှေသင်္ဃန်းကပ်လှူနေစဉ် ကာလအထွဋ် အထိပ်တွင် အပတ်စဉ်သာသနာပွဲကပ်လှူ ပူဇော်ခြင်းအတွက် တစ်ပွဲလျှင် ၂၀၀၀၀/-၊ ရွှေမျက်ပါး ချပ်ရေ (၁၀၀)ပါ ရွှေဆိုင်းတစ်ဆိုင်းလျှင် ၁၀၀၀၀၀/-၊ ၉၊ x ၉၊ ရွှေမျက်ပါးတစ်ချပ်လျှင် ၄၀၀၀၀/-၊ ၄၊ x ၄၊ ရွှေမျက်ပါးတစ်ချပ်လျှင် ၂၀၀၀၀/-၊ စိန်ဖူးတော်/ ငှက်မြတ်နားတော် ပြန်လည်အထွဋ်တင် လှူပွဲကျင်းပခြင်းအတွက် (ဩဝါဒစရိယဆရာ တော်ကြီးခြောက်ပါး လှူဒါန်းမှုအပါအဝင်) ၉၀၀၀၀၀/-တို့အား လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် စေတီတော်ဂေါပကအဖွဲ့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်