ဒဂုံအရှေ့ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်လူရွယ်များ၊ စာဖတ်သည့်အလေ့အကျင့်များ တိုးပွားလာစေရန်အချိန်ကို အကျိုးရှိစွာအသုံးချ၍အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း ရုံးပိတ်ရက်များနှင့်အားလပ်ချိန်များ၌ စာပေဖတ်ရှုခြင်းကြောင့် လုပ်ငန်းစွမ်းဆောင်ရည်အတွေးအခေါ်များ မြင့်မားလာစေရန်ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့သွားရောက်ငှားရမ်းခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်တင်နီလာကျော်(စာထောက်၃) ဦးဆောင်သောဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက မြို့နယ်စာရင်းစစ်ရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူလူငယ်များအား စာဖတ်ရှုနိုင်စေရေး သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ပြစာအုပ်များကိုအလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက်စနစ်ဖြင့် လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင်စာအုပ်အသစ်များ လဲလှယ်ငှားရမ်းပေးခြင်းဖြင့် အလှည့်ကျသွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)