ရွှေကျင်မြို့နယ်တွင် ဝါကျွတ်ကာလ ကုသိုလ်‌‌တော်အဖြစ် ရှင်ဥပဂုတ္တမ‌ထေရ်မြတ် မြို့တွင်းလှည့်လည်ပူဇော်ခံပွဲကျင်းပ

ရွှေကျင် အောက်တိုဘာ ၈

ရွှေကျင်မြို့နယ်တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မြို့တွင်းသို့ဝါကျွတ်ကာလ ကုသိုလ်‌တော်အဖြစ် ရှင်ဥပဂုတ္တမထေရ် မြို့တွင်းလှည့်လည် ပူဇော်ခံပွဲကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ပူဇော်ပွဲကို နှစ်စဉ် သီတင်းကျွတ်ကာလ လပြည့်နေ့မတိုင်မီ နှစ်ရက်‌မှစတင်ကာ ရှင်ဥပဂုတ္တမထေရ်မြတ် အား ကိန်းဝပ်စံပယ်ရာ  စံကျောင်းပေါ်မှ ပင့်ဆောင်ကာ မြို့ပေါ်ရပ်ကွက် များအတွင်း လှည့်လည်အပူဇော်ခံ ခြင်းဖြစ်ကြောင်း၊ လှည့်လည်အပူဇော်ခံရာလမ်းများတွင် အကများ၊ ဝတ်ရွတ်အသင်းများ၊ ဓမ္မစကြာအသင်းများ ကဝတ်ရွတ်ပူဇော်လိုက်ပါကြပြီး နေ့လယ်ပိုင်းတွင် ရွှေကျင်ချောင်းထဲရှိ ဖောင်တော်ပေါ်တွင် အပူဇော်ခံထားရှိပြီး သီတင်းကျွတ်လပြည့်ကျော် (၂)ရက်‌နေ့ နံနက် ၉ နာရီခန့်တွင် ရွှေကျင်ချောင်းမှ တစ်ဆင့် စစ်တောင်းမြစ် အတွင်းသို့ အပူ‌ဇော်ခံရန် ရေချပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)