ကလေးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေး အခမ်းအနားကျင်းပ

ကလေး မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ အင်ဒိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးဆောင်ကျင်းပသည့် ကျေးရွာမြေငှားဂရမ် ထုတ်ပေးနိုင်ရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကီးခွီရှိန်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးမှူး ဦးထွန်းအေးတို့မှ ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် ပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ ကလေးခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)