မရမ်းကုန်းမြို့နယ်၌ အ​ခြေခံစား​သောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချခြင်းနှင့် ကိုဗစ်-၁၉​ ရောဂါကာကွယ်​ရေး နှာခေါင်းစည်များဖြန့်​ဝေ

မရမ်းကုန်း နိုဝင်ဘာလ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ  ယ​မန်နေ့ နံနက်ပိုင်းက မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်​()ရပ်ကွက်၊ သလ္လာ၀တီလမ်းရှိ ​ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးတွင် မြို့နယ်အုပ်ချုပ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး စစ်ကြောင်း၊ ကာကွယ်​ရေးစစ်​ကြောင်းတို့မှ ဦးစီး၍ အ​ခြေခံစား​သောက်ကုန်များဖြစ်သည့် ဆီနှင့် ကြက်ဥများအား​ စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အ​ရောက် ဆက်လက်ဖြန့်ဖြူး​ ရောင်း​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့​ ရောင်းချရာတွင် ဆီ ၁ ပိဿာလျှင် (၄၅၀၀/-)ကျပ်နှင့် ကြက်ဥ ၁ လုံးလျှင် (၁၇၅/-)ကျပ်နှုန်း ဖြင့်ရောင်းချပြီး လာ​ရောက် ဝယ်ယူသူများနှင့် ဖြတ်သန်းသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉​ ရောဂါကာကွယ်​ရေး နှာ​ခေါင်းစည်း Mask ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)