ဇီးကုန်း နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဒေသခံပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျေးလက်ဒေသများသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဆိတ်ဖူးကျင်းကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့်စည်းရုံးရေးစစ်ကြောင်းတို့၏ လုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြေားကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ဝင်းထွန်းနှင့် ရဲမှူးမြင့်ကျော်တို့မှ နယ်မြေလုံခြုံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့အတွက် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီး၊ နွေစပါးနှင့်ပဲတီစိမ်းအထွက်နှုန်းတိုးစေရေး၊ လိုအပ်သောမျိုးကောင်းမျိုးသန့်များရရှိနိုင်ရေးနှင့် စိုက်နည်းစနစ်များမှန်ကန်စေရေး၊ သွင်းအားစုများရရှိရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်ဆက်)