ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ (၆၃၀၄၂) ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးဖြစ်

ကျောက်ဆည် နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများအပြင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်လွဲ (၁) နာရီတွင် ကျောင်းသား/ ကျောင်းသူ (၆၃၀၄၂) ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အသက် (၅) နှစ်မှ (၁၂) အတွင်း ကျောင်းသား/ ကျောင်းသူများအား ပထမအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့မှ နိုဝင်ဘာ (၈) ရက်နေ့အထိ (၂၉၁၆၈)ဦး၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဇူလှိုင်လ(၁၃)ရက်န့မှ နိုဝင်ဘာ(၈) ရက်နေ့အထိ (၂၇၃၅၉)ဦးနှင့် အသက်(၁၂)နှစ်မှ အသက်(၁၅)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ များအား ပထမအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဩဂုတ်(၁၆)ရက်မှ အောက်တိုဘာ(၃)ရက်နေ့အထိ (၃၃၅၉)ဦး၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာ(၇)ရက်နေ့မှနိုင်ဝင်ဘာ (၄)ရက်နေ့အထိ (၃၁၅၆) ဦး စုစုပေါင်း (၆၃၀၄၂) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်မောင်(ကျောက်ဆည်)