စဉ့်ကိုင်မြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

စဉ့်ကိုင် နို၀င်ဘာ ၂၉

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဦးစီးမှူးနှင့် ၀န်ထမ်းများက နို၀င်ဘာ (၂၉) ရက် နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တင်ဒါအောင်မြင်သော ကန်တွင်းကျေးရွာကုန်ထုတ်လမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  ကျောက်ဆည်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး၀င်းမြင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်မြင့်ခိုင်နှင့် ၀န်ထမ်းများက ကျေးရွာကုန်ထုတ်လမ်း  ဖြစ်မြောက်ရေး ကော်မတီ၀င်များနှင့်အတူ ကွင်းဆင်းကာကြည့်ရှုစစ်ဆေးခဲ့ရာ ပုဂံနန်းတော်ကုမ္ပဏီမှ တာ၀န်ရှိ သူများအား လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများ  ပြည့်မီရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

အုန်းလက်ကောက်ကျေးရွာတွင်   ၂၀၂၂-၀၂၃    ဘဏ္ဍာရေးနှစ်၊  ပြည်ထောင်စုငွေလုံးငွေရင်း (မွမ်းမံ) ခွင့်ပြုရန်ပုံငွေ (၇၅.၄၀၇) သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်းအရှည် (၀/၅) မိုင်၊       အကျယ် (၁၂) ပေ၊ မြေသားဂျင်း (၄ ပေ ၉ လက်မ) ထုခင်းခြင်းနှင့်  Box Culvert  (၂၄ပေ×၃ပေ×၃ပေ)   တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက တောင်သူများ၏   ဒေသ ထွက်ကုန်ပစ္စည်းများအား လေလွင့်နည်းပါးစွာဖြင့် စျေးကွက်သို့ အရောက်ပို့ဆောင်နိုင်ခြင်း လမ်းပန်း ဆက်သွယ်မှုကောင်းမွန်စွာ ဖြတ်သန်းနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် များစွာအကျိုးရှိ လာမှာဖြစ်ကြောင်း  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်မြင့်ခိုင်ထံကသိရသည်။

၀င်း၀င်းသန်း (စဉ့်ကိုင်)