အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းဒေသတွင် စိုက်ပျိုးထားရှိသည့် ဝါ၊ ငရုတ်၊ နေကြာ၊ ကြက်သွန်နီ စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖောင်းလင်းကျေးရွာအုပ်စုနှင့် ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ကျေးရွာအုပ်စု သစ္စာမြိုင်ကွက်သစ်ရပ်ကွက်တွင် စိုက်ပျိုးထားသည့် ကြက်သွန်နီခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 23,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်း၍ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို  ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က ပ/ဂွေးချိုကျေးရွာ ကွင်းအမှတ် (၈၇၃/က)  တောင်သူဦးဝင်းဆင့် ၏  လယ်မြေတွင် ကျင်းပခဲ့သည်။
Nov 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉:၀၀နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူး၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် သက်ငယ်မုဒိန်းပပျောက်ရေး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာသိကောင်းစရာ လူငယ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်ကျင်းပခဲ့သည်။
Nov 23,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်၊ ဆီနှင့်ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၆) ရပ်ကွက်ရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
Nov 23,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် အချိန်နှင့်အမျှတိုးတက်ပြောင်းလဲနေသော နည်းပညာခေတ်တွင် သတင်း၊ သတင်းဓာတ်ပုံရေးသားရိုက်ကူးခြင်းအတတ်ပညာသည် အရေးပါသည့်အခန်းကဏ္ဍဖြစ်ကြောင်း သတင်းတု၊ သတင်းမှားများအား တုန့်ပြန်ချေဖျက်နိုင်မည့် သတင်းမှန်များ အချိန်မီရေးသားရိုက်ကူးနိုင်မှသာ ပြည်သူများ သတင်းမှန်များ ဝေဖန်ပိုင်းခြားသိရှိနိုင်မည်ဖြစ်၍
Nov 23,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ သတင်းရေးသားမှု ဆောင်ရွက်နေသည့် မြို့နယ်ဦးစီးမှူးများ၊ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများနှင့် စာရေးဝန်ထမ်းများအား မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) သင်တန်းကို နိုဝင်ဘာ ၂၁ ရက်က ဖွင့်လှစ် ပို့ချခဲ့သည်။