နမ္မတူမြို့နယ် မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

နမ္မတူ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်း၍ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို  ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးဂွမ်ဂျာနော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေး အတွင်း/အပြင်ရှိ လုံခြုံရေးမီးတပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဈေးဆိုင်ခန်းများအား သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှုရှိ/မရှိ၊ ဈေးအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၏ မီးသုံးစွဲမှုအခြေအနေများ၊ ဈေးဆိုင်ခန်းများအတွင်း တပ်ဆင်ထားသည့် အရေးပေါ် မီးသတ်ဆေး ဗူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန်များ ရေပြည့်နေမှု ရှိ/မရှိနှင့် မီးသတ်ရေငုတ်များ၏ ရေထွက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံက သိရသည်။

လူမော် (ပြန်/ဆက်)