နောင်ချို နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉:၀၀နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးနှင့်သင်ကြားရေး စသည့် ဘာသာရပ်များကို ပို့ချသင်ကြားခဲ့သည်။
ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို သင်တန်းနည်းပြ (၁)ဦးနှင့် သင်တန်းသူ/သင်တန်းသား (၁၈၀)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်းနှင့် သင်တန်းကို ယမန်နေ့နှင့် (၂၃)ရက်နေ့များတွင် နံနက်(၉:၀၀)နာရီမှ ညနေ(၄:၃၀)အချိန်ထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ထွေးငယ်(ပြန်/ဆက်)