နတ်မောက် နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က ပ/ဂွေးချိုကျေးရွာ ကွင်းအမှတ် (၈၇၃/က) တောင်သူဦးဝင်းဆင့် ၏ လယ်မြေတွင် ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်အတွင်း မိုးစပါးအထွက်နှုန်း မှန်ကန်စေရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့က မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ ဆင်းသုခစပါးမျိုး (သင့်) အဆင့်အတန်းကိုယ်စားပြု စပါးအစိုထွက်တစ်ဧကကိုယ်စားပြု စပါး(၁၀၄)တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရှိ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ ကြကြောင်းသိရသည်။
လှဝင်း