အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက် ၈ နာရီကစ၍ ဘုရားကြီးရပ်ကွက်၊ ​ရွှေတိဂုံလမ်းရှိ နိုင်ငံတော် ကာကွယ်​ရေး တက္ကသိုလ်ဝန်း၌ ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ​နေ့စားဝန်ထမ်းနှင့် မိသားစုများအား ရောင်းချ​ပေးခဲ့ကြကြောင်း သိရသည်။
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြည်သူများအား စားသုံးဆီ၊ ကြက်ဥနှင့် ဆန်များကို ဈေးနှုန်းချိုသာစွာဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်က ရောင်းချပေးခဲ့ကြောင်း သိရသည်။
Nov 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းက ဝမ်မိုင်ကျေးရွာနေ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရွှေဘိုရွာသစ်ကျေးရွာရှိ မြစိမ်းရောင်စီမံကိန်း အသင်းသားများကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းပညာများကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးလျက်ရှိရာ ပြည်ပန်းကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Nov 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပဥ္စမအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ဟိုတယ်(ထားဝယ်)၌ ကျင်းပသည်။
Nov 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဟိုပုံးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။